ယနေ့ခေတ်မှာ မိုဘိုင်းလ် ဖုန်းတွေဟာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘ၀တွေ ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လို့နေ ပါပြီ။ အဲဒီလို နေ့စဉ်ထိတွေ့နေရ င်းက မိုဘိုင်းလ်ဖုန်း သုံးစွဲမှုကို စွဲလန်းငြိတွယ်လာပြီးတဲ့နောက် ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာလ ည်း မိုဘိုင်းလ်ဖုန်းတွေရဲ့ ယုံမှားထင်မှတ်စ ရာ ဒဏ္ဍာရီတွေ ထွက်ပေါ်လာပါတော့ တယ်။ ဒါကြောင့် မိုဘိုင်းလ်ဖုန်းတွေရဲ့ ယုံမှား ထင်မှတ်စရာ ဒဏ္ဍာရီတွေနဲ့ အမှန်တရားတို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဆဲလ်ဖုန်းတွေက ဦးနှောက်ကင်ဆာေ ရာဂါဖြစ်စေနိုင် တယ်
ဆဲလ်ဖုန်းတွေက ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာ
မဟုတ်ပါဘူး။ ၁၉၉၀ ခုနှစ် ၀န်းကျင်ကနေ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်အထိ
ပြုလုပ်ခဲ့တဲ့ များပြားလှသော လွတ်လပ်တဲ့ လေ့လာမှုတွေဟာ ဆဲလ်ဖုန်းအသုံြး ပုခြင်း နဲ့ ဦးနှောက် ကင်ဆာရောဂါဖြစ်ြ ခင်း ကြားက သက်သေကို မဖော်ပြနိုင်ခဲ့ ပါဘူး။ RF Waves တွေနဲ့ ပတ်သက်ပြီး တော့သာ Hands-Free ကိရိယာ အသုံးပြုဖို့နဲ့ နားမှာ ကပ်ပြီးပြောဆိုမှုကို မိနစ် ၃၀ ထက် မကျော်လွန်စေဖို့  စသဖြင့် သတိပေးမှုတွေသာ ရှိပါတယ်။
၂။ ဖုန်းအားသွင်းနေ တုန်း အသုံးပြုရင် ဖုန်းပေါက်ကွဲသွားလိမ့်မယ်
တစ်ကယ်တော့ သင်ဟာ အော်ရီဂျင်နယ် ဖုန်းအားသွင်းကြိုးကို အသုံးပြုပြီး ဖုန်းအားသွင်းထားချိန်မှာ ဖုန်းကို အသုံးပြုနေလို့ေ တာ့ ဘာမှမဖြစ်နိုင်ပါဘူး။ အခြား Third-Party လို့ သံသယဖြစ်နိုင်စရာ ဖုန်းအားသွင်းကြိုး တွေကို အသုံးမပြုဖို့ပဲ လိုတာပါ။
၃။ တောက်လျှောက်ဖုန်းအားသွင်းထားခြ င်းဟာ ဘက်ထရီတွေကို ဆုံးရှုံးစေတယ်
ယနေ့ခေတ်ဖုန်းတွေကို စမတ်ဖုန်းလို့ခေါ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ် ။ ဖုန်းအားသွင်း ရင်း အားပြည့်သွားတဲ့ အခါ ပါဝါ ဆပ်ပလိုင်းကနေ ဘက်ထရီကို အားပေးပို့ခြင်း အလိုလျောက် ရပ်နားပေးမှာပါ။ Li-ion ဘက်ထရီတွေဟာ ဘက်ထရီသက်တမ်း ကို အချိန်ကြာရှည်ရန်ပဲ ထိန်းသိမ်းပေးတာ ပါ။ လျှော့ချဖို့ မရှိပါဘူး။
၎။ Apps တွေအားလုံးကို ပိတ်လိုက်ရင် သင့်ဖုန်းဟာ လုပ်ဆောင်ချက်တွေ ပိုမြန်သွားမယ်
App တစ်ခုဟာ RAM ပမာဏ အနည်းငယ်ရှိပါမှ သုံးစွဲလို့ရတဲ့ အတွက် Apps တွေ ပိတ်လိုက်ခြင်းနဲ့ RAM ပမာဏ ကိုရှင်းလင်းလို က်ခြင်းဟာ သင့်ဖုန်းကို ပိုမြန်သွားစေနိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေမှာ က သင်ထွက်လိုက်တာနဲ့ ထို App ကို အလိုလျောက် ရပ်နားလိုက်စေမယ့် Built-in လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အတွက် App တွေကို တစ်ကူးတစ်က ပိတ်နေစရာမလိုပါ ဘူး။
၅။ ဖုန်းနားမှာ သံလိုက်တစ်ခုရှိ နေရင် ဖုန်းထဲက ဒေတာတွေ အားလုံးပျက်သွား လိမ့်မယ်
စမတ်ဖုန်းတွေဟာ သံလိုက်ဓါတ်ကို လက်ခံနိုင်တဲ့ SDD နဲ့ Flash Drive တွေပေါ်မှာ အလုပ်လုပ်ရတဲ့အတွက် ဒါဟာ မှားယွင်းပါတယ်။
၆။ Megapixels ပိုများခြင်းဟာ ပိုကောင်းတဲ့ ကင်မရာ ဖြစ်တယ်
Megapixel ဆိုတာ ဒစ်ဂျစ်တယ် ဓါတ်ပုံရဲ့ ဆိုက်ဇ်ပါ။ အရည်အသွေးမဟုတ်ပါဘူး။ အရည်အသွေးအတွက် ကတော့ ကင်မရာဆင်ဆာရဲ့ ဆိုက်ဇ်နဲ့ အမျိုးအစား ၊ သူ့ရဲ့ Processor တို့ပေါ် မူတည်ပါတယ်။
Ref:mensxp.com
၁။ ဆဲလ်ဖုန်းတွေက ဦးနှောက်ကင်ဆာေ
ဆဲလ်ဖုန်းတွေက ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်တယ်ဆ
၂။ ဖုန်းအားသွင်းနေ
တစ်ကယ်တော့ သင်ဟာ အော်ရီဂျင်နယ် ဖုန်းအားသွင်းကြ
၃။ တောက်လျှောက်ဖုန
ယနေ့ခေတ်ဖုန်းတေ
၎။ Apps တွေအားလုံးကို ပိတ်လိုက်ရင် သင့်ဖုန်းဟာ လုပ်ဆောင်ချက်တေ
App တစ်ခုဟာ RAM ပမာဏ အနည်းငယ်ရှိပါမှ
၅။ ဖုန်းနားမှာ သံလိုက်တစ်ခုရှိ
စမတ်ဖုန်းတွေဟာ သံလိုက်ဓါတ်ကို လက်ခံနိုင်တဲ့ SDD နဲ့ Flash Drive တွေပေါ်မှာ အလုပ်လုပ်ရတဲ့အတ
၆။ Megapixels ပိုများခြင်းဟာ ပိုကောင်းတဲ့ ကင်မရာ ဖြစ်တယ်
Megapixel ဆိုတာ ဒစ်ဂျစ်တယ် ဓါတ်ပုံရဲ့ ဆိုက်ဇ်ပါ။ အရည်အသွေးမဟုတ်ပ

No comments:
Post a Comment