MPU Card ထုတ်ဝေထားသော သက်ဆိုင်ရာ Bank များ၏ ဖုန်းနံပါတ်များ
MPU Cardများဖြင့် ငွေထုတ်ခြင်းနှင့်
ငွေပေးချေမှုများပြုလုပ်သည့်အချိန်တွင်
အဆင်မပြေများရှိခဲ့လျှင် တိုက်ရိုက်ဆက်သွယ်ဖုန်းခေါ်ဆိုနိုင်သည့်
ဖုန်းနံပါတ်များဖြစ်ပါတယ်။
#MPU
#PAYMENT
Saturday, February 25, 2017
MPU Card ထုတ်ဝေထားသော သက်ဆိုင်ရာ Bank များ၏ ဖုန်းနံပါတ်များ
မိမိ Apple Device သည် ဘယ်နိုင်ငံထုတ်လဲဆိုတာသိစေဖို့ (How to check your iPhone devices from which country)
How to check your iPhone devices from which country.
Code Region
AB Egypt, Jordan, Saudi Arabia, United Arab Emirates
B Ireland, UK, also used for some replacement phones
BR Brazil (Assembled in Brazil)
BZ Brazil (Assembled in China)
C Canada
CH China
CZ Czech Republic
D Germany
DN Austria, Germany, Netherlands
E Mexico
EE Estonia
FB France, Luxembourg
FD Austria, Liechtenstein, Switzerland
GR Greece
HN India
IP Italy
HB Israel
J Japan
KH Korea
KN Norway
KS Finland, Sweden
LA Colombia, Ecuador, El Salvador, Guatemala, Honduras, Peru
LE Argentina
LL USA
LZ Chile, Paraguay, Uruguay
MG Hungary
MY Malaysia
NF Belgium, France, Luxembourg
PL Poland
PO Portugal
PP Philippines
RO Romania
RS Russia
SL Slovakia
SO South Africa
T Italy
TH Thailand
TA Taiwan
TU Turkey
X Australia, New Zealand
VN Vietnam ,also use for some replacement
Y Spain
ZA Singapore
ZP Hong Kong, Macau
Thursday, February 23, 2017
Virtual Private Server(VPS) ဆိုတာ
#VPS ( Virtual Private Server ) ဆိုတာ
#ဘာလဲ_ဘယ်လဲ_ဘယ်လို_အသုံးချမလဲ
ကွန်ပျူတာသုံးစွဲဖူးသူတိုင်း တစ်ကွေ့မဟုတ် တစ်ကွေ့တော့
VPS / VPN / Proxy စတဲ့ စကားလုံးတွေ ကြားဖူးကြမှာပါ။
တော်တော်များများကတော့ ကြားဖူးကြပေမယ့် သူတို့တွေ
ဘယ်လိုအလုပ်လုပ်သလဲ ဘယ်လို အသုံးချမလဲဆိုတာကိုတော့
ယောင်ဝါးဝါး အနေအထားလောက်ဘဲ သိကြပါတယ်။ ထဲထဲ
ဝင်ဝင် သိသူများကလည်း ကိုယ်တိုင်ကျွမ်းကျွမ်းကျင်ကျင်
အသုံးပြုနေပေမယ့်လည်း ချပြ ပြောပြ ပေးတာ နည်းပါတယ်။
(ကျနော့်အမြင် ပြောရရင် အခုလို မချပြဘူးဆိုတာကလည်း
ပြောင်းလဲလာတဲ့ လူတွေရဲ့အနေအထားကြောင့်ပါဘဲ မတတ်
ခင်ကတော့ ဆရာ ဆရာ ယောက်ဖ ယောက်ဖ သင်ပေးပါအုန်း
လုပ်ပါဦးနဲ့ နည်းနည်းလေးလည်း သိလာရော အချိုးတွေပြောင်း
စဆရက တွေဖြစ်လာတာကြောင့်လို့ထင်ပါတယ်။)
ဒီတော့ ဒီနေ့ အပေါ်က ပြောခဲ့တဲ့ စကားလုံးတွေထဲက တစ်ခု
ဖြစ်တဲ့ VPS ဆိုတဲ့ စကားလုံးလေးကို သူ့ရဲ့အကြောင်းလေးတွေ
ရယ် ဘယ်လို အသုံးချမလဲ ဆိုတာရယ် ပြောပြပေးပါမယ်။
ဘယ်အရာမဆို ကိုယ့်အတွက် မလိုအပ်လို့ မသုံးဘူးဆိုရင်တောင်
မှ လိုအပ်လို့ သုံးမယ့်အချိန်ကျရင် အဆင်သင့်သုံးလို့ရအောင်
လေ့လာထားသင့်ပါတယ်။
VPS ဆိုတာ Internet hosting service တွေကနေ
ရောင်းချပေးတဲ့ virtual private server လို့ခေါ်ဆိုတဲ့
virtual machine တစ်ခုပါ။ အခုခေတ်မှာတော့ VPS တွေ
သီးသန့်ေ၇ာင်းချပေးတဲ့ Company တွေအများကြီးရှိလာ
ပါပြီ။ virtual လို့ သုံးနှုန်းထားတဲ့အတွက် အဲဒီစက်ကိုတော့
ခင်ဗျားအနေနဲ့ လက်နဲ့ကိုင်တွယ်ထိတွေ့လို့ မရပါဘူး။
VPS ဟာ အခု ခင်ဗျားသုံးနေတဲ့ ကွန်ပျူတာတွေပါဘဲ။
ကျနော်တို့ အခု သုံးနေတဲ့ ကွန်ပျူတာတွေမှာတော့ CPU
အနေနဲ့ အမြင့်ဆုံး core i7 လောက်သာ မြင်ဖူး သုံးဖူး
ပေမယ့် virtual private server (VPS) ပေါ်မှာတော့
အမေရိကန်ဒေါ်လာ $ 6800 (မြန်မာငွေ သိန်း 80) နီးပါး
ခန့် တန်ဖိုးရှိတဲ့ Intel® Xeon® Processor E7-8893
v4 (60M Cache, 3.20 GHz) CPU တွေကို အသုံးပြု
ထားပါတယ်။ ဒါဟာ CPU တစ်လုံးတည်းရဲ့တန်ဖိုးပါ။
ဒါပေမယ့်လည်း သာမန် VPS ရောင်းချသူတွေကတော့
အခုလောက်ဈေးနှုန်းများတဲ့ CPU တွေမသုံးပါဘူး။ အ
ထူးသဖြင့် Cheap VPS (တန်ဖိုးသင့် VPS) တွေရောင်းချ
ပေးသူတွေဟာ များသောအားဖြင့် Intel® Xeon®
Processor E3 (up to v5) ဈေးနှုန်းအားဖြင့် $250-600
ကြားမှာ ရှိတဲ့ CPU တွေကို အသုံးပြုကြပါတယ်။ RAM
အနေနဲ့ကတော့ အနည်းဆုံး 4 GB ကနေ 64 GB အထိ
သုံးကြပါတယ်။ Amazon က ရောင်းချတဲ့ VPS တွေမှာတော့
RAM ကို 128 GB အထိ သုံးထားတာ တွေ့ဖူးပါတယ်။
OpenVZ and KVM Technology
VPS ရောင်းချသူတွေဟာ များသောအားဖြင့် လစဉ်ကြေး
နှစ်စဉ်ကြေးတွေနဲ့ ငှားရမ်းပေးထားသူတွေပါ။ ဒါကြောင့်
သူတို့ဟာ Server တစ်ခုပေါ်မှာ virtual machine တွေ
အများကြီး ဖန်တီးပြီးတော့ User တွေကို ရောင်းချပေးပါ
တယ်။ Server တစ်ခုမှာ VPS တစ်ခု ဆိုရင်လည်း အခု
ရောင်းနေတဲ့ $5 $10 $15 ဈေးနဲ့ဆို အမြတ်ရဖို့ အသာ
ထား စက်ဖိုးအရင်းကျေအောင် အင်တာနက်ကြိုးလိုင်းဖိုး
တွေ မီးအားခတွေနဲ့ ဒေ၀ါလီ မခံရအောင်တောင် မနည်း
ဆုတောင်းရမှာပါ။ ဒါကြောင့် ပိုင်ရှင်တွေဟာ Single Host
Device ပေါ်မှာ virtual machine တွေ အများကြီး ဖန်တီး
နိုင်ဖို့အတွက် OpenVZ and KVM တို့လို နည်းပညာတွေ
ကို အသုံးချပါတယ်။ Virtuozzo company ကနေပြီးတော့
#C Programing နဲ့ ရေးသားထားတဲ့ OpenVZ ဟာ
operating system-level virtualization technology ဖြစ်ပါ
တယ်။ နောက်ထပ်သိထားကြတာကတော့ container-based
virtualization လို့လည်းသိကြပါတယ်။ သူရဲ့အဓိကလုပ်
ဆောင်ချက်ကတော့ physical server ပေါ်မှာ Virtual
Machine များတည်ဆောက်ပြီး မတူညီတဲ့ ကွဲပြားတဲ့
operating system တွေကို တစ်ချိန်တည်မှာ Run နိုင်ဖို့
ဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့ဟာ physical server ပေါ်
မှာ Window XP / 7 /8 /10 Window Server 2008/2012
R2 / တို့အပြင် Linux OS တွေထဲက Ubuntu / Kali /
Debian စတဲ့ OS မျိုးကွဲပေါင်း များစွာကို တစ်ချိန်တည်း
တစ်ပြိုင်တည်းမှာ virtual machine တွေပေါ်မှာ အသုံး
ပြုနိုင်ပါတယ်။ OpenVZ အကြောင်းကို အခုထက်ပိုပြီး
အသေးစိတ်သိချင်ရင်တော့ official website ဖြစ်တဲ့
https://openvz.org/Main_Page မှာ
သွားရောက်လေ့လာနိုင်ပါတယ်။
Kernel-based Virtual Machine (KVM) ဟာလည်း
OpenVZ တို့လို Virtual Machine ဖန်တီးဖို့ နည်းပညာ
တစ်ခုပါဘဲ။ စာအရမ်းရှည်သွားမှာမို့ မေ၇းတော့ပါဘူး
(အခြေခံအဆင့်လောက်ဘဲ သိထားသင့်ယုံရေးတာမို့လို့
ပါ) (တိတိကျကျကြီးရေးပေးရလောက်အောင်လည်း
ကိုယ်ကထဲထဲဝင်ဝင် မသိတာလည်းပါ ပါတယ်။ )
အသေးစိတ် ဖတ်ချင်ရင်တော့ official website ဖြစ်တဲ့
http://www.linux-kvm.org/page/Main_Page မှာ
သွားရောက်ဖတ်ရှုနိုင်ပါတယ်။
RDP/VPS VS Dedicated Server
RDP/VPS တွေဟာ virtualization နဲ့ဖန်တီးထားတဲ့
Virtual sever တွေဖြစ်ပြီး Dedicated Server ကတော့
physical server ဖြစ်ပြီး remote desktop connection
အသုံးပြုပြီး တိုက်ရိုက်ချိတ်ဆက်နိုင်သလို physical server
ဖြစ်တာကြောင့် server မှာ သုံးထားတဲ့ CPU / RAM
စတာတွေကို အပြည့်အ၀ အသုံးပြုနိုင်တဲ့ server
ဖြစ်သလို ဈေးနှုန်းကလည်း များပြားလှပါတယ်။
Intel Xeon E5 1630v3 (4c/8t ) 3.7 / 3.8 GHz
64 GB of RAM (DDR4 ECC 2133 MHz)
2 x 2 TB (RAID SOFT/JBOD )
သုံးထားတဲ့ Dedicated Server ရဲ့ ငှါးရမ်းခကတော့
တစ်လကို USD $119 ဖြစ်ပါတယ်။ ဥပမာ ကျနော်တို့
ဂိမ်းအကြီးတွေ ဒေါင်းနေကျဆိုဒ်တစ်ခုဖြစ်တဲ့ oceanofgame
website ဟာ ဆိုရင် ဖိုင်တွေ အကုန်လုံးကို Dedicated
Server ပေါ်မှာတင်ပေးထားပြီး Share ပေးထားတာ
ဖြစ်ပါတယ်။ ဒီလို တန်ဖိုးမြင့် Dedicated Server ကို
သုံးပြီး website ဖန်တီးဖို့ကတော့ ကျနော်တို့လို သာမန်လူ
တွေအတွက် မတတ်နိုင်ပါဘူး ( ကိုယ်ရတာမှ တစ်လ ၂
သိန်းခွဲ ၃ သိန်းဘဲရတာ Server ဖိုးနဲ့ မွဲသွားမယ် :P )
ဒီလို website ကြီးတွေကတော့ လစဉ် နေ့စဉ် ၀င်ရောက်
လည်ပတ်ကြတဲ့ visitor တွေက သိန်း/ သန်း နဲ့ချီပြီး ရှိ
တာကြောင့် Google Ads တို့လို နာမည်ကြီး Ads တွေ
ထည့်သွင်းပြီး website ကုန်ကျစရိတ် ပြန်ကာမိစေဖို့
ဝင်ငွေ ပြန်ရှာလေ့ရှိကြပါတယ်။ တကယ်လို့များ သင့်ရဲ့
ဆိုဒ်မှာ Google Ads ထည့်သွင်းထားပြီး တစ်လကို visitor
3/5 သိန်းလောက်သာ ရှိခဲ့မယ်ဆိုရင် တစ်လကို
$$$ 2000+++ ဆိုတာ ပြေးမလွတ်ပါဘူး
( ကျနော့်ရည်မှန်းချက်တွေးလျက်နဲ့ပျော်သည်
ပျော်သည် ဂလု အားကျတာ :P :p : p)
VPS တွေဟာ Free လား Paid လား ?
အဖြေကတော့ Free trial & Paid လို့ ဖြေရမှာပါ။ VPS
တွေရောင်းချပေးတဲ့ Internet hosting service (သို့)
Company တွေဟာသူတို့ရဲ့customer တွေကို အခွင့်
အရေးပေးတဲ့အနေနဲ့ VPS တွေကို 7 ရက် ဖြစ်စေ ၊ တစ်လ
ဖြစ်စေ / တစ်နှစ် ဖြစ်စေ အခမဲ့အနေနဲ့ စမ်းသပ်သုံးစွဲဖို့
ခွင့်ပြုထားပါတယ်။ (အခမဲ့ trial အနေနဲ့ပေးသုံးတာကြောင့်
စက်ပိုင်းဆိုင်ရာမှာတော့ ကန့်သတ်ထားမှာပါ) ဥပမာ Ram
ကို 256 MB လောက်ဘဲ ပေးတာမျိုး ဒါမှမဟုတ် Bandwidth
ကို လျော့ချထားတာမျိုး တစ်လကို 1 GB Bandwidth
လောက်ဘဲ ကန့်သန့်ထားတာမျိုးပေါ့) ဒါကတော့ အစမ်း
သုံးစွဲလို့ ကြိုက်တယ် အဆင်ပြေတယ် ဆိုရင်တော့ လစဉ်
ကြေး ဒါမှမဟုတ် နှစ်အလိုက်ပေးပြီး ၀ယ်သုံးဖို့အတွက်လုပ်
ပေးထားတာတွေပါ။ free trial ဆိုပေမယ့် email လေးနဲ့
အကောင့်ဖွင့် ပြီး ချက်ချင်းသုံးရအောင်အလွယ်တကူမလုပ်
ထားပေးပါဘူး။ များသောအားဖြင့် free trial ပေးသုံးတဲ့
VPS provider တွေဟာ small charge အနေနဲ့ Visa or
master Card အသုံးပြုပြီး ငွေကြေးအနည်းငယ် ($1 or $2 )
တောင်းခံကြပါတယ်။ ဒါကြောင့် free trial သုံးဖို့အတွက်
တောင် Online shopping အတွက် အသုံးပြုနိုင်တဲ့ Visa or
Master Card သို့မဟုတ် Virtual Visa card (VCC) ရှိဖို့
တော့ လိုအပ်ပါလိမ့်မယ်။
Monthly paid or Year paid အနေနဲ့ေ၇ာင်းချတာကို ၀ယ်
ယူသုံးစွဲဖို့ဆိုရင်တော့ Online payment system အတော်
တော်များများကို လက်ခံပေးကြပါတယ်။ Visa or Master card
သုံးမလား paypal သုံးမလား Bitcoin(BTC) သုံးပြီးတော့
ငွေကြေးပေးချေမလား စသည်ဖြင့် ငွေကြေးပေးချေမှု နည်း
လမ်းကို အများကြီး ရွေးချယ်ခွင့်ပေးထားပါတယ်။
VPS တွေကို ဘာအတွက် အသုံးချကြသလဲ
အများဆုံး အသုံးပြုတာကတော့ website တွေ ထောင်
ကြမယ်။ နောက်ထပ် Torrent လို ဖိုင်တွေ မျှဝေနေတဲ့
ဆိုဒ်တွေမှာ ဖိုင်တွေ တင်ပြီး Share တဲ့အခါ High Speed
Connection နဲ့ 24/7 Seeding ပေးထားနိုင်ဖို့ အသုံးပြုကြ
ပါတယ်။ ဒါ့အပြင်အခုဆိုရင် Trading Robot တွေ အသုံး
ပြုပြီး ငွေကြေးဈေးကွက်မှာ ကစားသူတွေကလည်း VPS တွေ
ဝယ်ယူပြီး မိမိ တို့ရဲ့ Bot မြန်မြန်ဆန်ဆန် နဲ့ 24/7 Run
ထားနိုင်ဖို့ အသုံးပြုကြသလို တခြားသော ရည်ရွယ်ချက်တွေ
အများကြီးနဲ့လည်း အသုံးပြုကြပါတယ်။ နောက်ထပ်တစ်ခုက
ကျနော်တို့ Movie တွေ တင်ပေးနေတဲ့ လူတွေ မြန်မြန်ဆန်ဆန်
encoding လုပ်နိုင်ဖို့ အသုံးပြုကြပါတယ်။ အခုလက်ရှိ
ကျနော်ဆိုရင် တစ်လကို $13 ပေးရတဲ့ Encoding VPS
ဝယ်ပြီးသုံးထားပါတယ်။ ဒါကြောင့်လည်း ကျနော် အနေနဲ့
HD 720P 550 MB နဲ့ Encoding လုပ်ပြီး မြန်မြန်ဆန်ဆန်
တင်ပေးနေနိုင်တာဖြစ်ပါတယ်။ local ကနေ လုပ်ရမယ်ဆိုရင်
သေပြီပေါ့ဗျာ .....တစ်ရက် တစ်ကား ရဖို့အရေး ဒို့အရေးပါ။
VPS ပေါ်မှာဆိုရင်တော့ တစ်ရက် 5 ကားလောက် Download
/ Encode / Upload လုပ်မလား အေးဆေးပါ။ Download
ကတော့ တစ်ခါတစ်လေ အတော်လေး ကြာပါတယ် DL
Speed 5/8 MB/s လောက်ဘဲရပါတယ်။ Upload ကတော့
မပြောနေတော့ပါဘူး။ VPS ပေါ်မှာ Chrome ကို ဖွင့် pcloud
ထဲကို login ၀င်ပြီး file > Upload ဆိုတာလေးနှိပ်ခဲ့ ဒီဖက်
ပြန်လာပြီး faceobook ပေါ်မှာ စာတစ်ကြောင်းလောက်ရေး
ပြီး ဟိုဖက် သွားပြန်ကျိလိုက်ရင် Upload ပြီးသွားပါပြီ။ 2 GB
ဆိုဒ်ရှိတဲ့ Movie ဖိုင်တစ်ဖိုင်ကို Upload တာ ၂ မိနစ် တိတိဘဲ
ကြာပါတယ်။
အဆုံးသတ်အနေနဲ့ normal user တွေ အတော်များများ
ဇဝေဇ၀ါဖြစ်နေတဲ့ အကြောင်းအရာလေး တစ်ခုလောက်
ထပ်ရှင်းပြပါရစေ.အပေါ်က VPS ပေါ်မှာ ဖိုင်ဘဲ ဒေါင်းဒေါင်း
encode ဘဲ လုပ်လုပ် VPS ပေါ်မှာဘဲ အကျိုးသက်ရောက်မှု
ရှိမှာပါ။ VPS နဲ့ချိတ်ဆက်ထားတဲ့ ဖုန်း သို့ ကွန်ပျူတာ ပေါ်
မှာ လုံးဝ အကျိုးသက်ရောက်မှု မရှိပါဘူး တော်တော်များများ
ထင်နေတာကတော့ ဟာ VPS ပေါ်မှာ ဇတ်ကားဒေါင်းရင်
မြန်တယ်ဟ အလကားဟ အဲလို ထင်နေကြပါတယ်။ VPS
ပေါ်မှာ ဒေါင်းလော့ချထားတဲ့ ဇတ်ကား က ခင်ဗျားအခုသုံး
နေတဲ့ ဖုန်း သို့ ကွန်ပျူတာ ထဲကို တိုက်ရိုက်မ၀င်လာပါဘူး။
VPS ရဲ့ HDD ထဲမှာ ဘဲရှိနေမှာပါ။ အခု ခင်ဗျား remote
desktop connection သုံးပြီး ချိတ်ဆက်ထားတဲ့ ဖုန်း သို့
ကွန်ပျူတာ သည် VPS ကို Command လှမ်းပေးဖို့အတွက်
ယာယီချိတ်ဆက်ထားခြင်းပါ။ .....................
လက်၇ှိ ဖုန်း သို့ ကွန်ပျူတာပေါ်မှာ မြင်နေရတာ အကုန်လုံး
ဟာလည်းVirtual Graphical အနေနဲ့သာ မြင်ရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ VPS ဘာလဲ ဘယ်လဲ ဘယ်လိုအသုံး
ချကြသလဲဆိုတာကို အကြမ်းဖျဉ်း အခြေခံလောက် သဘော
ပေါက်ကြမယ်လို့ထင်ပါတယ်။ ကျနော်အနေနဲ့လည်း ကိုယ်သိ
ထားသလောက်လေးကို နားလည်လွယ်အောင် ရေးထားပေး
တာ ဖြစ်တာကြောင့် အမှားအယွင်းများ ပါ ပါလိမ့်မယ်။ ကျနော်
ရေးသမျှ အမှန်လို့ မမှတ်ယူစေလိုပါ ။ (အတတ်နိုင်ဆုံး အမှား
ကင်းအောင် ရေးထားပေးသလို ကိုယ်တကယ်နားမလည်တဲ့
အရာကိုလည်း စဆရက စတိုင်နဲ့ ရေးထားခြင်း မရှိပါ )
မြန်မာလို ရေးထားတာကို ဖတ်ပြီးတော့ ပေးထားတဲ့ အညွှန်း
လင့်တွေကနေ တဆင့် အင်္ဂလိပ်လို ဆက်လက်လေ့လာဖို့
လည်း တိုက်တွန်းပါရစေ .........................................
Ref >> Internet တခွင်ပြဲပြဲစင်
VPS အကြောင်းလေး ရေးပေးပါလား ဆိုပြီး ချက်ဘောက်ကနေ
ခဏ ခဏ ပြောတဲ့ ကျနော့်ရဲ့ မွေးရပ်ဇာတိမြေ ကျောက်ဖြူမြို့က
ကျနော်က ကိုဒီမို လို့ ခေါ်တဲ့ Soelynn Aung တောင်းဆိုမှု
ကြောင့်အခု post လေးကို ရေးဖြစ်ခြင်း ဖြစ်ပါကြောင်း ..........
ကော်ပီကူးမယ့် ကိုကို မမ များ ခင်ဗျာ ဇီးကွက်ကြီးဖြစ်အောင်
တစ်ညလုံး ကော်ဖီသောက် ဆေးလိပ်သောက် အိပ်ရေးပျက်ခံ
မျက်စိညောင်းလောက်အောင် စာထိုင်ဖတ်ပြီးမှ လက်ညောင်း
ခံပြီး ရေးထားတဲ့ အနော့်ကို သနားသော အားဖြင့် ကော်ပီ ကူး
တဲ့အခါ #ခွက် ကလေးများ ပေးသနားဖို့ တောင်းတွေရော
ပလုံးတွေရော ဇကောတွေရော အကုန်လုံးပန်ပါရစေ .. :3 -_-
အားလုံးကို ခင်မင်လေးစားလျက်
#copy
#အဂ္ဂမဟာအဘဆရာကီးသီဟသူရဗလစည်သူကိုကိုယမကာလုလင်
Friday, February 17, 2017
ချမ်းသာဖို့အတွက် ပိုက်ဆံသုံးပါ
"ချမ်းသာဖို့အတွက် ပိုက်ဆံသုံးပါ"
နည်းနည်းထူးဆန်းသွားလား သူငယ်ချင်း??!
ငါတို့က ချမ်းသာဖို့ ပိုက်ဆံစု ပါပဲ သိခဲ့တာလေ......
သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ သူငယ်ချင်း......
သူတို့ဘဝတွေဟာ ချမ်းသာပြီးရင်းချမ်းသာနေကြတယ်......
ငါတို့ သာမာန်အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါသူငယ်ချင်း....
ငါတို့တွေဟာ ဆင်းရဲပြီးရင်းဆင်းရဲနေကြတယ်.....
ဘာဖြစ်လို့လဲ.......
ငါတို့လို သာမာန်အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ငါတို့ရဲ့ အသုံးစရိတ်ဖြစ်သွားတယ်
ဒါပေမဲ့ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပဲ သူငယ်ချင်း....
Workers spend what they get, Rich men get what they spend... တဲ့
အလုပ်သမား= ဝင်ငွေ to အသုံးစရိတ်
သူဌေး = အသုံးစရိတ် to ဝင်ငွေ
ဒါဆို သူဌေးတွေ ဘယ်လို ဘယ်လို ပိုက်ဆံသုံးတာလဲ?
သူဌေးတွေဟာ investment spending လို့ခေါ်တဲ့ ရင်နှီးမြုပ်နှံဖို့ အတွက် ပိုက်ဆံ သုံးကြတယ်.....
သူတို့ ရဲ့ ပိုက်ဆံတွေကို
စီးပွားရေးတိုးတက်ဖို့ ...လုပ်ငန်းတွေချဲ့ထွင်ဖို့ ပညာသစ်တွေရဖို့ အတွက်သုံးကြတယ်.....
ဒီတော့ သူတို့သုံးသမျှက သူတို့အတွက် ဝင်ငွေပြန်ဖြစ်လာတယ်
များများသုံးလေ များများဝင်ငွေရလေပေါ့.....
ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်းချမ်းသာတော့တာပဲ.....
သာမာန်အလုပ်သမားတွေ ဘယ်လို ပိုက်ဆံသုံးကြလဲ?
ရသမျှကို သုံးဖို့ပဲစဉ်းစားကြတယ်.....
လစာလေးရပြီဆိုပါစို့....
အဝတ်အစားလေးပြေးဝယ်.... ဆိုင်ကောင်းလေးပြေးထိုင်
အရက်လေးသောက်.... ဖုန်းအသစ်လေးကိုင်.....
သာမာန်အလုပ်သမားတွေဟာ
ဝင်ငွေကို ဘယ်လိုသုံးမလဲပဲ စဉ်းစားတယ်
အသုံးစရိတ်ကနေ ဘယ်လိုဝင်ငွေ ရအောင် လုပ်မလဲ မစဉ်းစားကြဘူး.....
ဒီလိုနဲ့ ဆင်းရဲပြီးရင်းဆင်းရဲ လာတာပေါ့......
သူဌေးတွေဟာ ပိုက်ဆံရှာဖို့ သုံးတယ်
အလုပ်သမားတွေဟာ ပိုက်ဆံသုံးဖို့ရှာတယ်..
သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့အတွက် ဝင်ငွေပြန်ဖြစ်တယ်..... (များများသုံး.. များများချမ်းသာ)
အလုပ်သမားတွေရဲ့ ဝင်ငွေဟာတော့ သူတို့အတွက် အသုံးစရိတ်ပဲဖြစ်သွားတယ်.... (များများသုံး .. များများဆင်းရဲ)
ဒီိမှာ သူငယ်ချင်း....
မင်းရဲ ပိုက်ဆံကို ဆင်းရဲဖို့အတွက် သုံးမလား? ချမ်းသာဖို့အတွက် သုံးမလား?
ဆင်းရဲဖို့သုံးမယ်ဆိုရင်တော့.... မင်းလိုချင်တာတွေလျှောက်ဝယ်ပေါ့.....
ချမ်းသာဖို့ သုံးမယ်ဆိုရင်တော့ ...
ရင်နှီးမြုပ်နှံပေါ့ကွာ.......
လေးစားစွာဖြင့်
နေမင်းခ (Heaven's Author)
Thursday, February 16, 2017
အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ
အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ
(အမျိုးသမီးများ မိမိတို့အန္တရာယ်မှ ကင်းဝေးစေဖို့ပါ)
=============================================
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။
1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။
2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။
3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။
နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။
1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။
3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။
ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိကြည့်ဖို့မမေ့ပါနဲ့
Credit - Original Uploader
Tuesday, February 14, 2017
How to root Samsung Galaxy j7 [All Models]
How to root Samsung Galaxy j7 [All Models] lollipop 5.1 [Work 100%]
Step 1: First step install samsung key on pc/laptop after install restart your pc/laptop then connect your mobile to pc/laptop. it will install driver automatically.
Step 2: Next Step is that copy supersu zip from pc/laptop and paste to mobile internal memory or external memory.
Step 3: Make sure your Phone is power off.
Step 4: Press and Hold buttons Volume Down + Home + Power until you will see a screen that show “Warning!!” message.
Step 5: After warning message press the Volume Up button to continue.
Step 6: Run Odin3-v3.10.6.exe as administrator.
Step 7: Press AP button –> browse and select twrp-2.8.7.0-j7elte.img.tar file.
Step 8: Click on option button and ensure deselect Auto-reboot & F.Reset Time button options aren’t selected and unchecked Repartition button.
Step 9: Make sure ID:COM in odin is shaded highliged that mean driver properly installed.
Step 10: Make sure your mobile connected via data cable to Computer
Step 11: Now Start in Odin.
Step 12: After few second you’re mobile will auto reboot.
Step 13: After reboot now exit odin and disconnect your mobile
Step 14: Next power off your device
Step 15: Now press and hold Volume Up + Home +Power buttons simultaneously
Step 16: In recovery mode, Swipe to allow modification
Step 17: Tap Install
Step 18: Find where you put the Super SU file.
Step 19: Once you find it, tap the Super SU files and ‘swipe to comfirm flash
Step 20: Once the flashing process done, you will get successful message
Step 21: Now tap on Reboot system. after reboot go to google play store and install root checker app and run it and click root checker button after few second message will show your mobile rooted. enjoy!!
Bar Code Numbers For Respectively Country
ASSIGNED GS1 PREFIXES
000 - 019 GS1 US
020 - 029 Restricted distribution (MO defined)
030 - 039 GS1 US
040 - 049 Restricted distribution (MO defined)
050 - 059 Coupons
060 - 139 GS1 US
200 - 299 Restricted distribution (MO defined)
300 - 379 GS1 France
380 GS1 Bulgaria
383 GS1 Slovenija
385 GS1 Croatia
387 GS1 BIH (Bosnia-Herzegovina)
400 - 440 GS1 Germany
450 - 459 & 490 - 499 GS1 Japan
460 - 469 GS1 Russia
470 GS1 Kyrgyzstan
471 GS1 Taiwan
474 GS1 Estonia
475 GS1 Latvia
476 GS1 Azerbaijan
477 GS1 Lithuania
478 GS1 Uzbekistan
479 GS1 Sri Lanka
480 GS1 Philippines
481 GS1 Belarus
482 GS1 Ukraine
484 GS1 Moldova
485 GS1 Armenia
486 GS1 Georgia
487 GS1 Kazakstan
489 GS1 Hong Kong
500 - 509 GS1 UK
520 GS1 Greece
528 GS1 Lebanon
529 GS1 Cyprus
530 GS1 Albania
531 GS1 MAC (FYR Macedonia)
535 GS1 Malta
539 GS1 Ireland
540 - 549 GS1 Belgium & Luxembourg
560 GS1 Portugal
569 GS1 Iceland
570 - 579 GS1 Denmark
590 GS1 Poland
594 GS1 Romania
599 GS1 Hungary
600 - 601 GS1 South Africa
603 GS1 Ghana
608 GS1 Bahrain
609 GS1 Mauritius
611 GS1 Morocco
613 GS1 Algeria
616 GS1 Kenya
618 GS1 Ivory Coast
619 GS1 Tunisia
621 GS1 Syria
622 GS1 Egypt
624 GS1 Libya
625 GS1 Jordan
626 GS1 Iran
627 GS1 Kuwait
628 GS1 Saudi Arabia
629 GS1 Emirates
640 - 649 GS1 Finland
690 - 695 GS1 China
700 - 709 GS1 Norway
729 GS1 Israel
730 - 739 GS1 Sweden
740 GS1 Guatemala
741 GS1 El Salvador
742 GS1 Honduras
743 GS1 Nicaragua
744 GS1 Costa Rica
745 GS1 Panama
746 GS1 Republica Dominicana
750 GS1 Mexico
754 - 755 GS1 Canada
759 GS1 Venezuela
760 - 769 GS1 Schweiz, Suisse, Svizzera
770 GS1 Colombia
773 GS1 Uruguay
775 GS1 Peru
777 GS1 Bolivia
779 GS1 Argentina
780 GS1 Chile
784 GS1 Paraguay
786 GS1 Ecuador
789 - 790 GS1 Brasil
800 - 839 GS1 Italy
840 - 849 GS1 Spain
850 GS1 Cuba
858 GS1 Slovakia
859 GS1 Czech
860 GS1 YU (Serbia & Montenegro)
865 GS1 Mongolia
867 GS1 North Korea
868 - 869 GS1 Turkey
870 - 879 GS1 Netherlands
880 GS1 South Korea
884 GS1 Cambodia
885 GS1 Thailand
888 GS1 Singapore
890 GS1 India
893 GS1 Vietnam
899 GS1 Indonesia
900 - 919 GS1 Austria
930 - 939 GS1 Australia
940 - 949 GS1 New Zealand
950 GS1 Global Office
955 GS1 Malaysia
958 GS1 Macau
977 Serial publications (ISSN)
978 - 979 Bookland (ISBN)
980 Refund receipts
981 - 982 Common Currency Coupons
990 - 999 Coupons
Note: Prefixes not assigned yet are reserved for
future use. (Copy )
Monday, February 13, 2017
Virtual mastercard လျှောက်နည်း
http://wallet.advcash.com/referral/7c8fc7b0-72fe-4440-be55-eff11509a787
advcash Virtual mastercard လုပ်ဖို့က card ဖိုးက 1$ card ထဲငွေထည့်ဖို့က 0.99$ ဘယ်လောက် amount ထည့်ထည့် 0.99$ ပါပဲ ပထမဦးဆုံး မိမိက အဓိက ဘာလုပ်ဖို့လဲဆိုတာ စဉ်းစားထားတယ်ဆိုရင် လုပ်ရတာ ပိုအဆင်ပြေပါတယ် paypal လျှောက်ဖို့ပဲ ဆိုရင် paypal ကို poland နဲ့ လျှောက်ရင် card ကိုလည်း poland address နဲ့လျှောက်လိုက်ပါ ဒါဆိုအဆင်ပြေပါတယ် ပြောချင်တာက မိမိpaypal acc ရဲ့ နိုင်ငံအတိုင်းလျှောက်ဖို့ပြောချင်တာပါ ကိုယ်က Playstore တို့ တခြား site တွေမှာ သုံးချင်တယ်ဆိုရင် Online Money Currencies ကို support မပေးတဲ့ မြန်မာနိုင်ငံအတွက် အဆင်ပြေဆုံးက Thai နိုင်ငံအကောင့်ပါ Poland Acc နဲ့က Playstore မှာ ဝယ်ယူခွင့်ပိတ်ပင်ထားလို့ပါ advcashတွင် နိုင်ငံသတ်မှတ်ရန်အတွက် site အပေါ်ဘက် advcash logo ဘေးက မိမိပေးခဲ့တဲ့ Account Name ကိုနှိပ် ပြီးရင် Personal Informationမှာ change နိုင်ပါသည် advcash ထဲ ငွေထည့်ရင် ကိုယ့်ဘာသာ ကိုယ်ထည့်တာက fee ကြေး ပိုပေးရပါတယ် ဒါကြောင့်မို့လို့ exchange site တစ်ခုခုကနေ change ရပါ့မယ် ကျွန်တော်ကတော့ fee ကြေးပိုသက်သာတဲ့ exchange site တစ်ခုကို ညွှန်းပေးပါ့မယ် အဲ့ဒါကတော့ http://www.changer.com/?ref=zawmyohein ပါ Online Money သမားဖြစ်တဲ့အတွက် Ref ကြေးတော့ရှာပါတယ် ခင်ဗျ changer မှာလဲမယ်ဆိုရင် တကူးတက browser မှာ ဝင်စရာမလိုပဲ ကျွန်တော့် apk ထဲက exchange ဆိုတဲ့ button လေးကိုနှိပ်၍ ဝင်ရောက် exchange ပြုလုပ်နိုင်ပါသည် advcash account setting/ paypal အတွက် dataများနှင့် အခြား နားမလည်တာများရှိပါက https://mmitfinders.blogspot.com မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို www.facebook.com/zawmyo231609 မှာလည်းမေးမြန်းနိုင်ပါသည် ကျွန်တော့် blog မှာ သေချာရေးပေးထားသည့်အတွက် လုံးဝ နားမလည် သဘောမပေါက်မှသာ facebook acc တွင် မေးမြန်းစေလိုပါသည်
apk down ရန် အောက်က link အားနှိပ်ပေးပါ
https://drive.google.com/file/d/0B0LOEL5unyp_Ym05UExhZ05pQUU/view?usp=drivesdk
Postal Codes of Yangon
| Post Office | Township | Postal Code |
| Ahlone | Ahlone | 11121 |
| Aung San | Insein | 11012 |
| Bahan | Bahan | 11201 |
| Bayintnaung Market (Thamine) | Mayangone | 11062 |
| Bogyoke Market | Pabedan | 11143 |
| Botahtaung | Botahtaung | 11162 |
| Botahtaung | Botahtaung | 11161 |
| Dagon | Dagon | 11191 |
| Dagon Myothit (North) | Dagon Myothit (North) | 11421 |
| Dagon Myothit (South) | Dagon Myothit (South) | 11431 |
| Dawbon | Dawbon | 11241 |
| Hlaing | Hlaing | 11051 |
| Hlaing Thar Yar | Hlaing Thar Yar | 11401 |
| Insein | Insein | 11011 |
| Kaba Aye | Mayangone | 11061 |
| Kamayut | Kamayut | 11041 |
| Kyauk Tan | Kyauk Tan | 11301 |
| Kyauktada | Kyauktada | 11182 |
| Kyeemyindaing | Kyimyindaing | 11101 |
| Lanmadaw | Lanmadaw | 11131 |
| Mingalar Taung Nyunt | Mingalar Taung Nyunt | 11221 |
| Mingalardon | Mingalardon | 11021 |
| Okkalapa (North) | Okkalapa (North) | 11031 |
| Okkalapa (South) | Okkalapa (South) | 11091 |
| Pabedan | Pabedan | 11141 |
| Pazundaung | Pazundaung | 11171 |
| Pyi Thar Yar | Yankin | 11082 |
| Sanchaung | Sanchaung | 11111 |
| Shwe Pyi Thar | Shwe Pyi Thar | 11411 |
| Shwepaukan | Okkalapa (North) | 11032 |
| Tamwe | Tamwe | 11211 |
| Tanyin | Tanyin | 11291 |
| Thamine College | Hlaing | 11052 |
| Tharkayta | Tharkayta | 11231 |
| Theingyi Market | Pabedan | 11142 |
| Thingangyun | Thingangyun | 11071 |
| Thuwunna | Thingangyun | 11072 |
| Yangon | Yangon | 11181 |
| Yangon Station | Mingalar Taung Nyunt | 11222 |
| Yankin | Yankin | 11081 |
Saturday, February 11, 2017
999 Dice apk Update Version
https://drive.google.com/file/d/0B0LOEL5unyp_QWhFNVVzOWx1LUU/view?usp=drivesdk
cache ခဏ ခဏ ရှင်းရှင်းပြီးဆော့တတ်တဲ့ ဆျာတွေအတွက် apk က အောက်က link ပါ တကူးတက clear data သွားလုပ်စရာ မလိုပဲ refresh လုပ်လိုက်တာနဲ့ cache auto ရှင်းပေးပါတယ် 😃
https://drive.google.com/file/d/0B0LOEL5unyp_SEU3cVh5UDVFX00/view?usp=drivesdk






