#VPS ( Virtual Private Server ) ဆိုတာ
#ဘာလဲ_ဘယ်လဲ_ဘယ်လို_အသုံးချမလဲ
ကွန်ပျူတာသုံးစွဲဖူးသူတိုင်း တစ်ကွေ့မဟုတ် တစ်ကွေ့တော့
VPS / VPN / Proxy စတဲ့ စကားလုံးတွေ ကြားဖူးကြမှာပါ။
တော်တော်များများကတော့ ကြားဖူးကြပေမယ့် သူတို့တွေ
ဘယ်လိုအလုပ်လုပ်သလဲ ဘယ်လို အသုံးချမလဲဆိုတာကိုတော့
ယောင်ဝါးဝါး အနေအထားလောက်ဘဲ သိကြပါတယ်။ ထဲထဲ
ဝင်ဝင် သိသူများကလည်း ကိုယ်တိုင်ကျွမ်းကျွမ်းကျင်ကျင်
အသုံးပြုနေပေမယ့်လည်း ချပြ ပြောပြ ပေးတာ နည်းပါတယ်။
(ကျနော့်အမြင် ပြောရရင် အခုလို မချပြဘူးဆိုတာကလည်း
ပြောင်းလဲလာတဲ့ လူတွေရဲ့အနေအထားကြောင့်ပါဘဲ မတတ်
ခင်ကတော့ ဆရာ ဆရာ ယောက်ဖ ယောက်ဖ သင်ပေးပါအုန်း
လုပ်ပါဦးနဲ့ နည်းနည်းလေးလည်း သိလာရော အချိုးတွေပြောင်း
စဆရက တွေဖြစ်လာတာကြောင့်လို့ထင်ပါတယ်။)
ဒီတော့ ဒီနေ့ အပေါ်က ပြောခဲ့တဲ့ စကားလုံးတွေထဲက တစ်ခု
ဖြစ်တဲ့ VPS ဆိုတဲ့ စကားလုံးလေးကို သူ့ရဲ့အကြောင်းလေးတွေ
ရယ် ဘယ်လို အသုံးချမလဲ ဆိုတာရယ် ပြောပြပေးပါမယ်။
ဘယ်အရာမဆို ကိုယ့်အတွက် မလိုအပ်လို့ မသုံးဘူးဆိုရင်တောင်
မှ လိုအပ်လို့ သုံးမယ့်အချိန်ကျရင် အဆင်သင့်သုံးလို့ရအောင်
လေ့လာထားသင့်ပါတယ်။
VPS ဆိုတာ Internet hosting service တွေကနေ
ရောင်းချပေးတဲ့ virtual private server လို့ခေါ်ဆိုတဲ့
virtual machine တစ်ခုပါ။ အခုခေတ်မှာတော့ VPS တွေ
သီးသန့်ေ၇ာင်းချပေးတဲ့ Company တွေအများကြီးရှိလာ
ပါပြီ။ virtual လို့ သုံးနှုန်းထားတဲ့အတွက် အဲဒီစက်ကိုတော့
ခင်ဗျားအနေနဲ့ လက်နဲ့ကိုင်တွယ်ထိတွေ့လို့ မရပါဘူး။
VPS ဟာ အခု ခင်ဗျားသုံးနေတဲ့ ကွန်ပျူတာတွေပါဘဲ။
ကျနော်တို့ အခု သုံးနေတဲ့ ကွန်ပျူတာတွေမှာတော့ CPU
အနေနဲ့ အမြင့်ဆုံး core i7 လောက်သာ မြင်ဖူး သုံးဖူး
ပေမယ့် virtual private server (VPS) ပေါ်မှာတော့
အမေရိကန်ဒေါ်လာ $ 6800 (မြန်မာငွေ သိန်း 80) နီးပါး
ခန့် တန်ဖိုးရှိတဲ့ Intel® Xeon® Processor E7-8893
v4 (60M Cache, 3.20 GHz) CPU တွေကို အသုံးပြု
ထားပါတယ်။ ဒါဟာ CPU တစ်လုံးတည်းရဲ့တန်ဖိုးပါ။
ဒါပေမယ့်လည်း သာမန် VPS ရောင်းချသူတွေကတော့
အခုလောက်ဈေးနှုန်းများတဲ့ CPU တွေမသုံးပါဘူး။ အ
ထူးသဖြင့် Cheap VPS (တန်ဖိုးသင့် VPS) တွေရောင်းချ
ပေးသူတွေဟာ များသောအားဖြင့် Intel® Xeon®
Processor E3 (up to v5) ဈေးနှုန်းအားဖြင့် $250-600
ကြားမှာ ရှိတဲ့ CPU တွေကို အသုံးပြုကြပါတယ်။ RAM
အနေနဲ့ကတော့ အနည်းဆုံး 4 GB ကနေ 64 GB အထိ
သုံးကြပါတယ်။ Amazon က ရောင်းချတဲ့ VPS တွေမှာတော့
RAM ကို 128 GB အထိ သုံးထားတာ တွေ့ဖူးပါတယ်။
OpenVZ and KVM Technology
VPS ရောင်းချသူတွေဟာ များသောအားဖြင့် လစဉ်ကြေး
နှစ်စဉ်ကြေးတွေနဲ့ ငှားရမ်းပေးထားသူတွေပါ။ ဒါကြောင့်
သူတို့ဟာ Server တစ်ခုပေါ်မှာ virtual machine တွေ
အများကြီး ဖန်တီးပြီးတော့ User တွေကို ရောင်းချပေးပါ
တယ်။ Server တစ်ခုမှာ VPS တစ်ခု ဆိုရင်လည်း အခု
ရောင်းနေတဲ့ $5 $10 $15 ဈေးနဲ့ဆို အမြတ်ရဖို့ အသာ
ထား စက်ဖိုးအရင်းကျေအောင် အင်တာနက်ကြိုးလိုင်းဖိုး
တွေ မီးအားခတွေနဲ့ ဒေ၀ါလီ မခံရအောင်တောင် မနည်း
ဆုတောင်းရမှာပါ။ ဒါကြောင့် ပိုင်ရှင်တွေဟာ Single Host
Device ပေါ်မှာ virtual machine တွေ အများကြီး ဖန်တီး
နိုင်ဖို့အတွက် OpenVZ and KVM တို့လို နည်းပညာတွေ
ကို အသုံးချပါတယ်။ Virtuozzo company ကနေပြီးတော့
#C Programing နဲ့ ရေးသားထားတဲ့ OpenVZ ဟာ
operating system-level virtualization technology ဖြစ်ပါ
တယ်။ နောက်ထပ်သိထားကြတာကတော့ container-based
virtualization လို့လည်းသိကြပါတယ်။ သူရဲ့အဓိကလုပ်
ဆောင်ချက်ကတော့ physical server ပေါ်မှာ Virtual
Machine များတည်ဆောက်ပြီး မတူညီတဲ့ ကွဲပြားတဲ့
operating system တွေကို တစ်ချိန်တည်မှာ Run နိုင်ဖို့
ဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့ဟာ physical server ပေါ်
မှာ Window XP / 7 /8 /10 Window Server 2008/2012
R2 / တို့အပြင် Linux OS တွေထဲက Ubuntu / Kali /
Debian စတဲ့ OS မျိုးကွဲပေါင်း များစွာကို တစ်ချိန်တည်း
တစ်ပြိုင်တည်းမှာ virtual machine တွေပေါ်မှာ အသုံး
ပြုနိုင်ပါတယ်။ OpenVZ အကြောင်းကို အခုထက်ပိုပြီး
အသေးစိတ်သိချင်ရင်တော့ official website ဖြစ်တဲ့
https://openvz.org/Main_Page မှာ
သွားရောက်လေ့လာနိုင်ပါတယ်။
Kernel-based Virtual Machine (KVM) ဟာလည်း
OpenVZ တို့လို Virtual Machine ဖန်တီးဖို့ နည်းပညာ
တစ်ခုပါဘဲ။ စာအရမ်းရှည်သွားမှာမို့ မေ၇းတော့ပါဘူး
(အခြေခံအဆင့်လောက်ဘဲ သိထားသင့်ယုံရေးတာမို့လို့
ပါ) (တိတိကျကျကြီးရေးပေးရလောက်အောင်လည်း
ကိုယ်ကထဲထဲဝင်ဝင် မသိတာလည်းပါ ပါတယ်။ )
အသေးစိတ် ဖတ်ချင်ရင်တော့ official website ဖြစ်တဲ့
http://www.linux-kvm.org/page/Main_Page မှာ
သွားရောက်ဖတ်ရှုနိုင်ပါတယ်။
RDP/VPS VS Dedicated Server
RDP/VPS တွေဟာ virtualization နဲ့ဖန်တီးထားတဲ့
Virtual sever တွေဖြစ်ပြီး Dedicated Server ကတော့
physical server ဖြစ်ပြီး remote desktop connection
အသုံးပြုပြီး တိုက်ရိုက်ချိတ်ဆက်နိုင်သလို physical server
ဖြစ်တာကြောင့် server မှာ သုံးထားတဲ့ CPU / RAM
စတာတွေကို အပြည့်အ၀ အသုံးပြုနိုင်တဲ့ server
ဖြစ်သလို ဈေးနှုန်းကလည်း များပြားလှပါတယ်။
Intel Xeon E5 1630v3 (4c/8t ) 3.7 / 3.8 GHz
64 GB of RAM (DDR4 ECC 2133 MHz)
2 x 2 TB (RAID SOFT/JBOD )
သုံးထားတဲ့ Dedicated Server ရဲ့ ငှါးရမ်းခကတော့
တစ်လကို USD $119 ဖြစ်ပါတယ်။ ဥပမာ ကျနော်တို့
ဂိမ်းအကြီးတွေ ဒေါင်းနေကျဆိုဒ်တစ်ခုဖြစ်တဲ့ oceanofgame
website ဟာ ဆိုရင် ဖိုင်တွေ အကုန်လုံးကို Dedicated
Server ပေါ်မှာတင်ပေးထားပြီး Share ပေးထားတာ
ဖြစ်ပါတယ်။ ဒီလို တန်ဖိုးမြင့် Dedicated Server ကို
သုံးပြီး website ဖန်တီးဖို့ကတော့ ကျနော်တို့လို သာမန်လူ
တွေအတွက် မတတ်နိုင်ပါဘူး ( ကိုယ်ရတာမှ တစ်လ ၂
သိန်းခွဲ ၃ သိန်းဘဲရတာ Server ဖိုးနဲ့ မွဲသွားမယ် :P )
ဒီလို website ကြီးတွေကတော့ လစဉ် နေ့စဉ် ၀င်ရောက်
လည်ပတ်ကြတဲ့ visitor တွေက သိန်း/ သန်း နဲ့ချီပြီး ရှိ
တာကြောင့် Google Ads တို့လို နာမည်ကြီး Ads တွေ
ထည့်သွင်းပြီး website ကုန်ကျစရိတ် ပြန်ကာမိစေဖို့
ဝင်ငွေ ပြန်ရှာလေ့ရှိကြပါတယ်။ တကယ်လို့များ သင့်ရဲ့
ဆိုဒ်မှာ Google Ads ထည့်သွင်းထားပြီး တစ်လကို visitor
3/5 သိန်းလောက်သာ ရှိခဲ့မယ်ဆိုရင် တစ်လကို
$$$ 2000+++ ဆိုတာ ပြေးမလွတ်ပါဘူး
( ကျနော့်ရည်မှန်းချက်တွေးလျက်နဲ့ပျော်သည်
ပျော်သည် ဂလု အားကျတာ :P :p : p)
VPS တွေဟာ Free လား Paid လား ?
အဖြေကတော့ Free trial & Paid လို့ ဖြေရမှာပါ။ VPS
တွေရောင်းချပေးတဲ့ Internet hosting service (သို့)
Company တွေဟာသူတို့ရဲ့customer တွေကို အခွင့်
အရေးပေးတဲ့အနေနဲ့ VPS တွေကို 7 ရက် ဖြစ်စေ ၊ တစ်လ
ဖြစ်စေ / တစ်နှစ် ဖြစ်စေ အခမဲ့အနေနဲ့ စမ်းသပ်သုံးစွဲဖို့
ခွင့်ပြုထားပါတယ်။ (အခမဲ့ trial အနေနဲ့ပေးသုံးတာကြောင့်
စက်ပိုင်းဆိုင်ရာမှာတော့ ကန့်သတ်ထားမှာပါ) ဥပမာ Ram
ကို 256 MB လောက်ဘဲ ပေးတာမျိုး ဒါမှမဟုတ် Bandwidth
ကို လျော့ချထားတာမျိုး တစ်လကို 1 GB Bandwidth
လောက်ဘဲ ကန့်သန့်ထားတာမျိုးပေါ့) ဒါကတော့ အစမ်း
သုံးစွဲလို့ ကြိုက်တယ် အဆင်ပြေတယ် ဆိုရင်တော့ လစဉ်
ကြေး ဒါမှမဟုတ် နှစ်အလိုက်ပေးပြီး ၀ယ်သုံးဖို့အတွက်လုပ်
ပေးထားတာတွေပါ။ free trial ဆိုပေမယ့် email လေးနဲ့
အကောင့်ဖွင့် ပြီး ချက်ချင်းသုံးရအောင်အလွယ်တကူမလုပ်
ထားပေးပါဘူး။ များသောအားဖြင့် free trial ပေးသုံးတဲ့
VPS provider တွေဟာ small charge အနေနဲ့ Visa or
master Card အသုံးပြုပြီး ငွေကြေးအနည်းငယ် ($1 or $2 )
တောင်းခံကြပါတယ်။ ဒါကြောင့် free trial သုံးဖို့အတွက်
တောင် Online shopping အတွက် အသုံးပြုနိုင်တဲ့ Visa or
Master Card သို့မဟုတ် Virtual Visa card (VCC) ရှိဖို့
တော့ လိုအပ်ပါလိမ့်မယ်။
Monthly paid or Year paid အနေနဲ့ေ၇ာင်းချတာကို ၀ယ်
ယူသုံးစွဲဖို့ဆိုရင်တော့ Online payment system အတော်
တော်များများကို လက်ခံပေးကြပါတယ်။ Visa or Master card
သုံးမလား paypal သုံးမလား Bitcoin(BTC) သုံးပြီးတော့
ငွေကြေးပေးချေမလား စသည်ဖြင့် ငွေကြေးပေးချေမှု နည်း
လမ်းကို အများကြီး ရွေးချယ်ခွင့်ပေးထားပါတယ်။
VPS တွေကို ဘာအတွက် အသုံးချကြသလဲ
အများဆုံး အသုံးပြုတာကတော့ website တွေ ထောင်
ကြမယ်။ နောက်ထပ် Torrent လို ဖိုင်တွေ မျှဝေနေတဲ့
ဆိုဒ်တွေမှာ ဖိုင်တွေ တင်ပြီး Share တဲ့အခါ High Speed
Connection နဲ့ 24/7 Seeding ပေးထားနိုင်ဖို့ အသုံးပြုကြ
ပါတယ်။ ဒါ့အပြင်အခုဆိုရင် Trading Robot တွေ အသုံး
ပြုပြီး ငွေကြေးဈေးကွက်မှာ ကစားသူတွေကလည်း VPS တွေ
ဝယ်ယူပြီး မိမိ တို့ရဲ့ Bot မြန်မြန်ဆန်ဆန် နဲ့ 24/7 Run
ထားနိုင်ဖို့ အသုံးပြုကြသလို တခြားသော ရည်ရွယ်ချက်တွေ
အများကြီးနဲ့လည်း အသုံးပြုကြပါတယ်။ နောက်ထပ်တစ်ခုက
ကျနော်တို့ Movie တွေ တင်ပေးနေတဲ့ လူတွေ မြန်မြန်ဆန်ဆန်
encoding လုပ်နိုင်ဖို့ အသုံးပြုကြပါတယ်။ အခုလက်ရှိ
ကျနော်ဆိုရင် တစ်လကို $13 ပေးရတဲ့ Encoding VPS
ဝယ်ပြီးသုံးထားပါတယ်။ ဒါကြောင့်လည်း ကျနော် အနေနဲ့
HD 720P 550 MB နဲ့ Encoding လုပ်ပြီး မြန်မြန်ဆန်ဆန်
တင်ပေးနေနိုင်တာဖြစ်ပါတယ်။ local ကနေ လုပ်ရမယ်ဆိုရင်
သေပြီပေါ့ဗျာ .....တစ်ရက် တစ်ကား ရဖို့အရေး ဒို့အရေးပါ။
VPS ပေါ်မှာဆိုရင်တော့ တစ်ရက် 5 ကားလောက် Download
/ Encode / Upload လုပ်မလား အေးဆေးပါ။ Download
ကတော့ တစ်ခါတစ်လေ အတော်လေး ကြာပါတယ် DL
Speed 5/8 MB/s လောက်ဘဲရပါတယ်။ Upload ကတော့
မပြောနေတော့ပါဘူး။ VPS ပေါ်မှာ Chrome ကို ဖွင့် pcloud
ထဲကို login ၀င်ပြီး file > Upload ဆိုတာလေးနှိပ်ခဲ့ ဒီဖက်
ပြန်လာပြီး faceobook ပေါ်မှာ စာတစ်ကြောင်းလောက်ရေး
ပြီး ဟိုဖက် သွားပြန်ကျိလိုက်ရင် Upload ပြီးသွားပါပြီ။ 2 GB
ဆိုဒ်ရှိတဲ့ Movie ဖိုင်တစ်ဖိုင်ကို Upload တာ ၂ မိနစ် တိတိဘဲ
ကြာပါတယ်။
အဆုံးသတ်အနေနဲ့ normal user တွေ အတော်များများ
ဇဝေဇ၀ါဖြစ်နေတဲ့ အကြောင်းအရာလေး တစ်ခုလောက်
ထပ်ရှင်းပြပါရစေ.အပေါ်က VPS ပေါ်မှာ ဖိုင်ဘဲ ဒေါင်းဒေါင်း
encode ဘဲ လုပ်လုပ် VPS ပေါ်မှာဘဲ အကျိုးသက်ရောက်မှု
ရှိမှာပါ။ VPS နဲ့ချိတ်ဆက်ထားတဲ့ ဖုန်း သို့ ကွန်ပျူတာ ပေါ်
မှာ လုံးဝ အကျိုးသက်ရောက်မှု မရှိပါဘူး တော်တော်များများ
ထင်နေတာကတော့ ဟာ VPS ပေါ်မှာ ဇတ်ကားဒေါင်းရင်
မြန်တယ်ဟ အလကားဟ အဲလို ထင်နေကြပါတယ်။ VPS
ပေါ်မှာ ဒေါင်းလော့ချထားတဲ့ ဇတ်ကား က ခင်ဗျားအခုသုံး
နေတဲ့ ဖုန်း သို့ ကွန်ပျူတာ ထဲကို တိုက်ရိုက်မ၀င်လာပါဘူး။
VPS ရဲ့ HDD ထဲမှာ ဘဲရှိနေမှာပါ။ အခု ခင်ဗျား remote
desktop connection သုံးပြီး ချိတ်ဆက်ထားတဲ့ ဖုန်း သို့
ကွန်ပျူတာ သည် VPS ကို Command လှမ်းပေးဖို့အတွက်
ယာယီချိတ်ဆက်ထားခြင်းပါ။ .....................
လက်၇ှိ ဖုန်း သို့ ကွန်ပျူတာပေါ်မှာ မြင်နေရတာ အကုန်လုံး
ဟာလည်းVirtual Graphical အနေနဲ့သာ မြင်ရမှာ ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ VPS ဘာလဲ ဘယ်လဲ ဘယ်လိုအသုံး
ချကြသလဲဆိုတာကို အကြမ်းဖျဉ်း အခြေခံလောက် သဘော
ပေါက်ကြမယ်လို့ထင်ပါတယ်။ ကျနော်အနေနဲ့လည်း ကိုယ်သိ
ထားသလောက်လေးကို နားလည်လွယ်အောင် ရေးထားပေး
တာ ဖြစ်တာကြောင့် အမှားအယွင်းများ ပါ ပါလိမ့်မယ်။ ကျနော်
ရေးသမျှ အမှန်လို့ မမှတ်ယူစေလိုပါ ။ (အတတ်နိုင်ဆုံး အမှား
ကင်းအောင် ရေးထားပေးသလို ကိုယ်တကယ်နားမလည်တဲ့
အရာကိုလည်း စဆရက စတိုင်နဲ့ ရေးထားခြင်း မရှိပါ )
မြန်မာလို ရေးထားတာကို ဖတ်ပြီးတော့ ပေးထားတဲ့ အညွှန်း
လင့်တွေကနေ တဆင့် အင်္ဂလိပ်လို ဆက်လက်လေ့လာဖို့
လည်း တိုက်တွန်းပါရစေ .........................................
Ref >> Internet တခွင်ပြဲပြဲစင်
VPS အကြောင်းလေး ရေးပေးပါလား ဆိုပြီး ချက်ဘောက်ကနေ
ခဏ ခဏ ပြောတဲ့ ကျနော့်ရဲ့ မွေးရပ်ဇာတိမြေ ကျောက်ဖြူမြို့က
ကျနော်က ကိုဒီမို လို့ ခေါ်တဲ့ Soelynn Aung တောင်းဆိုမှု
ကြောင့်အခု post လေးကို ရေးဖြစ်ခြင်း ဖြစ်ပါကြောင်း ..........
ကော်ပီကူးမယ့် ကိုကို မမ များ ခင်ဗျာ ဇီးကွက်ကြီးဖြစ်အောင်
တစ်ညလုံး ကော်ဖီသောက် ဆေးလိပ်သောက် အိပ်ရေးပျက်ခံ
မျက်စိညောင်းလောက်အောင် စာထိုင်ဖတ်ပြီးမှ လက်ညောင်း
ခံပြီး ရေးထားတဲ့ အနော့်ကို သနားသော အားဖြင့် ကော်ပီ ကူး
တဲ့အခါ #ခွက် ကလေးများ ပေးသနားဖို့ တောင်းတွေရော
ပလုံးတွေရော ဇကောတွေရော အကုန်လုံးပန်ပါရစေ .. :3 -_-
အားလုံးကို ခင်မင်လေးစားလျက်
#copy
#အဂ္ဂမဟာအဘဆရာကီးသီဟသူရဗလစည်သူကိုကိုယမကာလုလင်
Thursday, February 23, 2017
Virtual Private Server(VPS) ဆိုတာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment